သံယောဇဉ်တစ်ခု
ရင်းနှီးမှုအား အမှီပြုကာ
မွေးဖွားလာမိ
လမ်းဆက်ထွင်ကာ လျှောက်ချင်သော်လည်း
မာနတားဆီး
ရင်မောမိခဲ့……..
နောင်တများစွာ
လွမ်းဆွတ်မှုအား
အခြေပြုကာ မွေးဖွားလာလဲ
မာနသံဖြင့်
ဦးနှောက်နှလုံးသား
အရေးပေးမှု အားသာမှုဖြင့်
ဟစ်ကြွေးနေဆဲ……..။
ရောက်တတ်ရာရာမှတ်စုများ
0 comments:
Post a Comment